ငါတို့ တစ်နေ့ သေကြမယ်၊ သေပြီးတဲ့နောက် ငါတို့မှာ ဘုရားရဟန္တာမဟုတ်သည့်အတွက် ဘုံဘ၀တစ်ခုခု၌ ရုပ်သက်နာမ်သက် ဖြင့် သတ္တ၀ါတစ်ဦးဖြစ်ရဦးမယ်။ ဘ၀သံသရာခရီးဆက်ကြရမယ်၊ ငါတို့ ဘယ်ဘုံရောက်နိုင်သလဲ၊ ဘယ်သတ္တ၀ါဖြစ်နိုင်သလဲ၊ ဖြစ်နိုင်တဲ့ဘ၀ငါးမျိုးက ဘာတွေလဲ၊ ငါတို့သေခါနီးစက္ကန့်ပိုင်း စိတ်ထားမှန်မှ ဘယ်လိုရောက်နိုင် သလဲ။
လူတစ်ယောက်မှာ မွေးဖွားသည်မှ သေဆုံးသည်အထိ ဘ၀တစ်ခုမှာ အဓိကတရားတွေက ဘာတွေလဲ၊ သေပြီးတဲ့ နောက် ကိုယ်ပြုထားတဲ့ကံတွေက ဘယ်လိုအကျိုးပေးနိုင်သလဲ၊ တစ်သက်လုံး ကုသိုလ်ကောင်းမှုပြုခဲ့ပြီးမှ ဘာကြောင့် သေခါ နီးမှာ အကုသိုလ်ကံတွေပေါ် ပြီး အပါယ်ကျရသလဲ၊ သေခါနီးမှာ အရေးကြီးတဲ့ ဘယ်လိုဇောတွေစောလို့ ဘယ်ဘုံ ရောက် နိုင် သလဲ။
သေဆုံးခါနီးအချိန်ပိုင်းတွင် ဘာတွေလုပ်သင့်သလဲ၊ သေပြီးတဲ့နောက် ရက်လည်ကိုဘာကြောင့်လုပ်ကြသလဲ၊ ရက်လည်လုပ်တဲ့နေရာမှာလဲ၊ ဘယ်လိုလုပ်ရင် သေဆုံးသွားသူ ရနိုင်သလဲ စသဖြင့် ဖတ်ရှုရမည့် အရှင်Óဏ၀ရ (သာပေါင်း)ရေးသားထုတ်ဝေသော ]သေပြီးနောက်ဝယ်}စာအုပ်မှ ကောက်နှုတ်တင်ပြလိုက်ပါသည်။